အ.ထ.က(ပေါက်တော)၌ အလယ်တန်းဆင့်(Grade-9)ပြီးမြောက်အောင်မြင်သော ကျောင်းသား၊ကျောင်းသူများ ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများအား ရှင်းလင်း

ပေါက်တော  ဖေဖော်ဝါရီ   ၂၃

ရခိုင်ပြည်နယ် စစ်တွေခရိုင် ပေါက်တောမြို့ (အ.ထ.က)၌ အလယ်တန်းဆင့်(Grade-9)ပြီးမြောက် အောင်မြင်သောကျောင်းသား ကျောင်း သူများ ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများ ရှင်းလင်းပြောကြားခြင်းအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက အဆိုပါကျောင်းရှိ စုပေါင်းခန်းမတွင် ရှင်းလင်းပြောကြားသည်။

ရှေးဦးစွာ အထက ပေါက်တောမြို့ ကျောင်းအုပ်ဆရာကြီး ဒေါ်စံလှဝင်း က ၂၀၂၃ ခု၊ ဇန်နဝါရီ ၃၁ ရက် နိုင်ငံပိုင်သတင်းစာတွင်ဖော်ပြထားသည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်မည့် အဆိုပါအခြေခံပညာ အထက်တန်းကျောင်းများတွင် တက်ရောက်ကြမည့် ကျောင်းသား၊ကျောင်းသူများသည် အထက်တန်းအဆင့် သင်ယူနေစဉ်ကာလ၌ စက်မှုနည်ပညာ၊စိုက်ပျိုးရေး၊မွေးမြူရေးစသည့် အသက် မွေးဝမ်းကျောင်း အတတ်ပညာများကို သင်ယူတတ်မြောက်နိုင်မည့် အခွင့်အလမ်းများနှင့် အလုပ်အကိုင်အခွင့်အလမ်းများလည်း  ရရှိလာမည်ဖြစ်ကြောင်း စသည့်တို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ ပေါက်တောမြို့ (အ.ထ.က)ကျောင်းမှ  အလယ်တန်းဆင့်(Grade-9) ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြပြီး သိရှိလိုသည်များကို မေးမြန်းက ကျောင်းအုပ်ဆရာကြီး ဒေါ်စံလှဝင်း ပြန်လည်ရှင်း လင်းပြောကြားကြောင်း သိရသည်။

ထို့ပြင် အလယ်တန်းဆင့်(Grade-9)ပြီးမြောက်အောင်မြင်သော ကျောင်းသား ကျောင်းသူများ ပညာ သင်ယူနိုင်မည့် အခွင့်အလမ်းများမှာ ရခိုင်ပြည်နယ်အတွင်းရှိ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်စက်မှု၊ စိုက်ပျိုးရေး၊မွေးမြူရေး တွဲဖက်သင်ကြားမည့်အခြေခံပညာအထက်တန်း ကျောင်းများမှာ စစ်တွေမြို့ ရှိ အ.ထ.က(၁) စစ်တွေ၊သံတွဲမြို့ရှိ အထက(၂) သံတွဲနှင့် အမ်းမြို့ရှိ အထက(၁)အမ်း တို့ဖြစ်ကြောင်း ကျောင်း အုပ်ဆရာကြီး ဒေါ်စံလှဝင်းထံမှ သိရသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)