ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၇၈၀ ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်

ကန်ကြီးထောင့် ဖေဖော်ဝါရီ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၃ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ကျင်းပမည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ကျောင်းသား၊ကျောင်းသူ စုစုပေါင်း (၇၈၀)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်အတွင်း အခြေခံပညာအထက်တန်းအဆင့် ကျောင်းပေါင်း ၉ ကျောင်းရှိပြီး တက္ကသိုလ်ဝင် စာမေးပွဲ ကို ​မြို့နယ်၏ စာစစ်ဌာနများဖြစ်သော အထက ကန်ကြီးထောင့်၊ အထက (ဒါးက)၊ အထက (ကျိုက်လတ်)၊ အထက (ဆပ်ကွင်း)၊ အထက(တကုန်းကြီး)၊ အထက(ကုလားကွင်း)၊ အထက(မြင်းကဆိပ်)၊ အထက(ကံရွာ)တို့၌ ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စာမေးပွဲသို့ အတွဲ (၁) ဖြင့် ပညာသင်ကြားနေကြသူ ၁၄၄ ဦး၊ အတွဲ (၂) ဖြင့် ၆၀၅  ဦး၊ အတွဲ (၇) ဖြင့် ၃၁ ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၇၈၀ ဦး ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်းနှင့် စာမေးပွဲကို ၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သတင်းရရှိ သည်။

မြို့နယ်(ပြန်/ဆက်)