ဒေးဒရဲမြို့နယ်တွင် လယ်ယာမြေလုပ်ကိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇)များ ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Feb 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ကျုံဒါတ်ကျေးရွာအုပ်စုအတွင်းရှိ စားကျက်မြေများကို အောက်မြန်မာနိုင်ငံမြေနှင့် အခွန်နည်းဥပဒေ (၆၈)နှင့်အညီ စိုက်ပျိုးမြေ အဖြစ်အသုံးပြုရန် စားကျက်မြေအဖြစ်မှ ပယ်ဖျက်ခွင့်ပြုခဲ့ပြီးဖြစ်၍ လက်ရှိစိုက်ပျိုး လုပ်ကိုင်လျက်ရှိသည့် တောင်သူများထံသို့ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇)များ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၈) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။