မြစ်သားမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade-5 နှင့် Grade-9 ကျောင်းသား၊ကျောင်းသူများနှစ်ဆုံးစာမေးပွဲ စတင်ဖြေဆို
Feb 22,2023
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင် ၊ မြစ်သားမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် Grade-5 နှင့် Grade-9 နှစ်ဆုံးစာမေးပွဲများကို ယနေ့နံနက် (၉)နာရီက စတင်ဖြေဆိုခဲ့သည်။အဆိုပါ စာမေးပွဲကို မြစ်သားမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ Grade – 5 ကျောင်းသား ၊ကျောင်းသူ (၁၈၉၆)ဦးနှင့် Grade-9 ကျောင်းသား၊ကျောင်းသူ (၁၂၇၅)ဦး စုစုပေါင်း (၃၁၇၁)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ကြီးကြပ်ရေးမှူး ( ၇၅ )ဦးတို့ဖြင့် ကြီးကြပ်ဆောင်ရွက်ကာ ဖေဖော်ဝါရီလ (၂၂)ရက်နေ့မှမတ်လ(၁)ရက်နေ့အထိ ဘာသာရပ်များကို ဆက်လက်ဖြေဆိုသွား မည်ဖြစ်ကြောင်း သိသည်။