ပုသိမ်ကြီး ဖေဖော်ဝါရီ ၂၂
မန္တလေးတိုင်းဒေသကြီး ၊ အောင်မြေသာစံခရိုင် ၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံမြတ်စွာဘုရားကြီး၏ တပေါင်းလ ဗုဒ္ဓပူဇနိယပွဲတော်အကြိုအသံမစဲပဋ္ဌာန်းရွတ် ဖတ်ပူဇော်ခြင်းကို ၂၀.၂.၂၀၂၃ ရက်နေ့မှ ၂၅ ရက်နေ့ထိ ကျင်းပလျက်ရှိကြောင်း သိရသည်။
ရွှေစာရံဘုရားပွဲတော်ကြီးကို နှစ်စဉ်ကျင်းပခဲ့သည်မှာ ယခုအခါ နှစ်ပေါင်း(၇၅)နှစ်ပြည့်မြောက်ကာ စိန်ရတုအချိန်အခါသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ ယခင်နှစ်များစွာက ဘုရားပွဲတော်ကို သာမန် ပွဲတော်တစ်ခု အဖြစ်သာ ကျင်းပခဲ့ကြသော်လည်း ယခုကဲ့သို့စိန်ရတု အခါသမယတွင် ပိုမိုစည်းကား သိုက်မြိုက်စေရေးအတွက် ဌာနဆိုင်ရာများ၊ ပြည်သူများ၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ပွဲတော်ကာလတစ်လျှောက်အသံမစဲ ပဋ္ဌာန်းရွတ်ဖတ်ခြင်း၊ ဓမ္မစကြာ ရွတ်ဖတ်ပူဇော်ခြင်း၊ ငါးလွတ်ပွဲများ၊ စိန်ရတု အထိမ်းအမှတ် လမ်းသစ်ဖွင့်လှစ်ခြင်း၊ စိန်ရတုအထိမ်းအမှတ် သစ်ပင်များစိုက်ပျိုးခြင်း၊ ပင့်သံဃာတော် အရှင်သူမြတ်တို့အား စာရေးတန်မဲ လောင်းလှူခြင်း၊ ရိုးရာခြင်းလုံးအလှခတ်ပွဲများ၊ ရိုးရာယဉ်ကျေးမှု အကအလှများ၊ စတုဒီသာကျွေးမွေးခြင်းနှင့် တရားပွဲများဖြင့် တပေါင်းလပြည့်ကျော် (၉)ရက်နေ့ထိ (၁၇)ရက်ကြာ စည်ကားသိုက်က်မြိုက်စွာဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)