သတင်းများ

မတ္တရာမြို့နယ်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရပ်/ကျေးစာရေးဝန်ထမ်းများလုပ်ငန်း စွမ်းဆောင် ရည်မြင့်မားရေးသင်တန်းဖွင့်လှစ်
Feb 22,2023
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးအတွက် သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီ က အဆိုပါရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပြည်သူလူထုကိုယ်တိုင် ပါဝင်ဆောင်ရွက်ရသော သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဇာတ်တိုက်လေ့ကျင့်ခန်းများ အရှိန်မြှင့်တင်ဆောင်ရွက်
Feb 22,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်အတွင်းရှိ ကျေးရွာအချို့သည် နှစ်စဉ်ရေဘေးဒဏ်ကို ကြုံတွေ့နေရသည့်အတွက် လူမှု ဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ကြီးမှူး၍ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ဆရာ/မများ၊ ကျောင်းသား/သူများ၊ ကျေးရွာသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ ကျေးရွာပြည်သူများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဇာတ်တိုက်လေ့ကျင့်ခန်းများကို အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ဖောင်ဆိပ်ကျေးရွာတွင် ဆောင်ရွက်ခဲ့သည်။
မအီမြို့ မြို့မဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်သရုပ်ပြခြင်း လက်တွေ့လေ့ကျင့်ပေးခြင်းများ ဆောင်ရွက်
Feb 22,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ မြို့မဈေး၌ မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် မအီမြို့၊ စည်ပင်သာယာရေးအဖွဲ့မှ မအီနယ်မြေမီးသတ်စခန်းနှင့် ပူးပေါင်း၍ မြို့မဈေးအပြင်ဘက်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟော ပြောခြင်း၊ မီးငြှိမ်းသတ်သရုပ်ပြခြင်းနှင့် လက်တွေ့လေ့ကျင့်ပေးခြင်းတို့ကို ယနေ့နံနက်ပိုင်းက အဆိုပါ မြို့မဈေးအပြင်ဘက် မအီ-ချက်ဖောက်လမ်းပေါ်တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒလမြို့နယ် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်း ကွင်းဆင်းဆောင်ရွက်
Feb 22,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးမြမိုးနှင့် ဝန်ထမ်းများက Mobile Library စနစ်ဖြင့် စာအုပ်၊စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က ဒလမြို့နယ်စာရင်းစစ်ရုံးနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ရုံးသို့သို့သွားရောက်ပြီး စာအုပ်၊ စာစောင်များ (အခမဲ့)ငှားရမ်းပေးခဲ့သည်။
ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန် ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်နေသော အရာထမ်း/အမှုထမ်း ၃၄၅ ဦးတို့အား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်
Feb 22,2023
ကချင်ပြည်နယ် အစိုးရဖွဲ့အနေဖြင့် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော အရာထမ်း/အမှုထမ်းများအား အခါ အားလျော်စွာ ဝန်ထမ်းမိသားစုများ နေထိုင်စားသောက်မှု အဆင်ပြေစေရေးအတွက် အခြေခံစားသောက်ကုန်များကို ထောက်ပံ့ပေးလျက်ရှိရာ ယမန်နေ့ ညနေ ၃ နာရီက ပြည်နယ်အစိုးရ အဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ဝန်ထမ်းများအတွက် အခြေခံစားသောက်ကုန်များကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ဒလမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များမှ Book Club စာဖတ်ဝိုင်းကျင်းပ 
Feb 22,2023
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က စာရေး ဆရာဒေါက်တာမတင်ဝင်း(ပညာရေးတက္ကသိုလ်)ရေးသားသည့် “လွတ်လပ်ပေါ့ပါးသောစိတ်ရှိပါစေ”စာအုပ်ဖြင့်စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
ဗန်းမော်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူသားနှင့် သဘာဝသယံဇာတအကြောင်း အသိပညာပေး Talk Show ဆောင်ရွက်
Feb 22,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီခန့်က ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် ရွှေကူမြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူသားနှင့်သဘာဝသယံဇာတ အကြောင်း အသိပညာပေး Talk Show ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
ထားဝယ်မြို့တွင် နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်
Feb 22,2023
တနင်္သာရီတိုင်းဒေသကြီးလူငယ်‌ရေးရာကော်မတီ၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ နွေရာသီအားကစားသင်တန်းများကို ဖေဖော်ဝါရီ ၂၄ ရက်နေ့မှ မတ် ၁၈ ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။