မြစ်သားမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade-5 နှင့် Grade-9 ကျောင်းသား၊ကျောင်းသူများနှစ်ဆုံးစာမေးပွဲ စတင်ဖြေဆို

မြစ်သား ဖေဖော်ဝါရီ ၂၂

မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင် ၊ မြစ်သားမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက်    Grade-5 နှင့် Grade-9 နှစ်ဆုံးစာမေးပွဲများကို ယနေ့နံနက် (၉)နာရီက စတင်ဖြေဆိုခဲ့သည်။အဆိုပါ  စာမေးပွဲကို  မြစ်သားမြို့နယ်အတွင်းရှိ  အခြေခံပညာကျောင်းများမှ Grade – 5 ကျောင်းသား ၊ကျောင်းသူ (၁၈၉၆)ဦးနှင့် Grade-9 ကျောင်းသား၊ကျောင်းသူ (၁၂၇၅)ဦး စုစုပေါင်း (၃၁၇၁)ဦး ဝင်‌ရောက်ဖြေဆိုခဲ့ကြပြီး ကြီးကြပ်ရေးမှူး ( ၇၅ )ဦးတို့ဖြင့်  ကြီးကြပ်ဆောင်ရွက်ကာ ဖေဖော်ဝါရီလ (၂၂)ရက်နေ့မှမတ်လ(၁)ရက်နေ့အထိ ဘာသာရပ်များကို  ဆက်လက်ဖြေဆိုသွား မည်ဖြစ်ကြောင်း သိသည်။       

ကျောင်းသား၊ကျောင်းသူများ  နှစ်ဆုံးစာမေးပွဲကို အေးချမ်းစွာဖြေဆိုနိုင်ရန် မြို့နယ်ပညာရေးမှူး၏ကြီးကြပ်မှုဖြင့် စာစစ်ဌာနကြီးကြပ်ရေးမှူးများ ၊ သက်ဆိုရာကျောင်းများမှ တာဝန်ကျဆရာ၊ဆရာမများက အနီးကပ်ကြီးကြပ်ပေးလျက်ရှိပြီး  ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသားမိဘများက  လုံခြုံရေးကိစ္စများ ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်

မြို့နယ် ပြန်/ဆက်