ရခိုင်ပြည်နယ်  ဘူးသီးတောင်မြို့နယ်၌  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး

မောင်တော ဖေဖော်ဝါရီ  ၂၂

ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊ ဘူးသီးတောင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင်  ပြည်နယ်အစိုးရ ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော  ပြင်ရှည်-အုတ်တောင် -မြောက်ချောက် ကျေးရွာသွားလမ်း အရှည် ၃ ဒဿမ ၁ ကီလိုမီတာ ၊ မြေသားတာဘောင်ပြုပြင်ပြီး  ၄ ဒဿမ ၂၇ မီတာ ၊ အကျယ် ၁၅၀ မီလီ မီတာ ၊ ထု ၅၀-၁၀၀ မီလီမီတာ ၊ ခွဲကျောက်ခင်းကြိတ်ခြင်းနှင့် ဗြန်း ကျောက်စရစ် ၇၅ မီလီမီတာ ထု ခင်းကြိတ်ခြင်း လုပ်ငန်းများအား စိုင်းဒင်အားမာန်ကုမ္ပဏီမှ ၁ ဒဿမ ၁ ကီလိုမီတာ ၊ မေယု ရွှေမြေ အာရှကုမ္ပဏီမှ ၁ ဒဿမ သုည ကီလိုမီတာ ၊ စိုင်းဒင်သား ကုမ္ပဏီ မှ ၁ ဒဿမ သုည ကီလိုမီတာ ဆောင်ရွက်နေမှု အခြေအနေများအား မောင်တောခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ၊ ခရိုင်ဦးစီးမှူး ၊ လက်ထောက်ညွန်ကြားရေးမှူး (မြို့ပြ) ဦးထွန်းရန်နိုင်သူ ၊ ဘူးသီးတောင်မြို့နယ် တာဝန်ခံ  အငယ်တန်း အင်ဂျင်နေယာ -၂ (မြို့ပြ) ဦးမင်းဆွေဦးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးရာ သက်ဆိုင်ရာ ကုမ္ပဏီမှ တာဝန်ခံများက လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြပြီး သတ်မှတ်ကာလ ဘဏ္ဍာရေးနှစ်အတွင်း စံချိန်၊စံညွန်း အရည် အသွေး ပြည့်မီစွာဖြင့် အချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

သက်လွင်စိုး(ပြန်/ဆက်)