ပုဗ္ဗသီရိ ဖေဖော်ဝါရီ ၂၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင်၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်အတွက် စတုတ္တတန်း(Grade- 5)နှင့် အဋ္ဌမတန်း (Grade - 9) နှစ်ဆုံးစာမေးပွဲများကို ယနေ့နံနက် ၉ နာရီမှ စတင်ဖြေဆိုလျက်ရှိသည်။
ပုဗ္ဗသီရိမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း(၆၄)ကျောင်းရှိရာ ခရိုင်စစ် Grade - 5 ကျောင်းသား၊ ကျောင်းသူများသည် (၆၄) ကျောင်း၊ စာစစ်ဌာန(၆၄)ခုတွင် ဖေဖော်ဝါရီ ၂၈ ရက်အထိ ဖြေဆိုမည်ဖြစ်ပြီး တိုင်းစစ် Grade - 9 ကျောင်းသား၊ ကျောင်းသူများသည် အခြေခံပညာကျောင်း (၁၆) ကျောင်း၊ စာစစ်ဌာန(၁၆)ခုတွင် မတ်လ ၁ ရက်နေ့အထိ ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲများကို အေးချမ်းစွာ ဖြေဆိုနိုင်ရန် မြို့နယ်ပညာရေးမှူး၏ ကြီးကြပ်မှုဖြင့် စာစစ်ဌာန ကြီးကြပ်ရေးမှူးများ သက်ဆိုင်ရာကျောင်းများမှ တာဝန်ကျ ဆရာ၊ ဆရာမများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသားမိဘများက လုံခြုံရေးကိစ္စရပ်များအား ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သန္တာလင်း(ပုဗ္ဗသီရိ)