သံတွဲ ဖေဖော်ဝါရီ ၂၂
သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၁၁ နာရီအချိန်က မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအသိပညာပေး (Talk Show) ကို ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေး (Talk Show) တွင် မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးများ၊ အရေးယူဆောင်ရွက်မှုများနှင့် မူးယစ်ဆေးဝါးအန္တရာယ်တာဆီးကာကွယ်ရေးအတွက် ဆောင်ရွက်ရမည့်နည်းလမ်းဆိုင်ရာများကို သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မေမွန်ထွဋ်နှင့် ရုပ်သံကျွမ်းကျင်(၃) ဒေါ်အေးအေးဝင်းတို့က ပြည်သူတစ်ရပ်လုံး အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးလုပ်ငန်းများကို ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး အသိပညာပေးဆွေးနွေးပြောကြားခဲ့သည်။
ထိုသို့ မူးယစ်ဆေးဝါးအန္တရာယ်တာဆီးကာကွယ်ရေးအသိပညာပေး (Talk Show) ဆောင်ရွက် ရခြင်းမှာ နောင်အနာဂါတ်၏ ပန်းကလေးများဖြစ်သည့် လူငယ်၊ လူရွယ်များ ဆိုးဝါးရက်စက်သည့် မူးယစ်ဆေးဝါးဂယက်အတွင်း မရောက်ရှိစေရေးနှင့် မူးယစ်သားကောင်ဘဝမရောက်ရှိစေရေးတို့အတွက် အသိပညာပေးဆွေးနွေးပြောကြားခြင်းဖြစ်သည်။
ထို့အပြင် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊ သံတွဲခရိုင်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ (Talk Show) များ၊ အသိပညာပေးဟောပြောပွဲများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်။
ခရိုင် (ပြန်/ဆက်)