ပေါင်းတည်မြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု တတိယအကြိမ်မြောက် ဆောင်ရွက်

ပေါင်းတည် ​ဖေဖော်ဝါရီ ၂၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ပြည်သူ့ဆေးရုံ၌ ယနေ့နံနက်ပိုင်းက အငြိမ်းစားဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များကပူးပေါင်း၍ တတိယအကြိမ်မြောက်ဆက်လက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို ပဲခူးတိုင်းဒေသကြီးအစိုးရမှဦးဆောင်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး စနစ်တကျကော်မတီအဖွဲ့များဖွဲ့စည်းဆောင်ရွက်ရာ မြို့နယ်ကော်မတီအဖွဲ့တွင် ပါဝင်သော မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုအဖွဲ့အစည်းများနှင့် စေတနာရှင်ပြည်သူများစုပေါင်း၍ ကရုဏာ၊ စေတနာထက်သန်စွာဖြင့် အခမဲ့ကျန်းမာရေးစောင့်ရှောက် ဆောင်ရွက်နေမှုများကို မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းချစ်က လိုက်လံကြည့်ရှုစစ်​ဆေးပေးခဲ့ပြီး လိုအပ်ချက်များကို ကျန်းမာ​ရေးဝန်ထမ်းများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သူရကြီး (ပြန်/ဆက် )