ရေဖြူမြို့၌ ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရေဖြူ ဖေဖော်ဝါရီ ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ‌ရေဖြူမြို့နယ်တွင် ယနေ့နံနက် ၁၀နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အောင်သာဝတီ အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်လင်းနိုင်က အဖွင့်အမှာစကားပြောကြားရာ ဌာနဆိုင်ရာများအနေဖြင့် မြေပြင်စာရင်း ကောက်လုပ်ငန်းများ စာရင်းသွင်းဆောင်ရွက်ရာတွင် တက်ညီလက်ညီနှင့် ဆောင်ရွက်စေလိုခြင်း၊လူထုအကျိုးပြု စုပေါင်းသန့်‌ရှင်း‌ရေးလုပ်ငန်းများ ဆောင်ရွက်သည့်အခါတွင်လည်း တက်ညီလက်ညီနှင့် ပူးပေါင်းဆောင်ရွက် စေလိုခြင်း၊ မိမိဌာနလုပ်ငန်းများအပြင် မြို့နယ်ဖွံ့ဖြိုး တိုးတက်‌ရေးအတွက်ဆောင်ရွက်သည့်အခါ ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ပြောကြားပြီး တက် ရောက်လာကြသောဌာနဆိုင်ရာမှ မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေး၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အပြန်အလှန်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခတ္တာ