ကျောက်ဖြူမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ (Grade- 5)နှင့်(Grade- 9)နှစ်ဆုံးစာမေးပွဲများ ဖြေဆို

ကျောက်ဖြူ ဖေဖော်ဝါရီ  ၂၂

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၌ ၂၀၂၂- ၂၀၂၃  ပညာသင်နှစ်အတွက်(Grade- 5) နှင့်(Grade -9) နှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီ ၂၂ ရက်နံနက် ၉ နာရီကစတင်ကာ သက်ဆိုင်ရာစာစစ်ဌာန ကျောင်း များအလိုက်ကျင်းပပြုလုပ်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများမှ အေးချမ်းစွာဖြင့် စတင်ဖြေဆိုလျက်ရှိသည်။

ကျောက်ဖြူမြို့နယ်တွင် အခြေခံပညာကျောင်း(၂၄၈)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၂)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေး()ကျောင်း စုစုပေါင်း(၂၅၅)ကျောင်းရှိရာ အခြေခံ ပညာမူလတန်းအဆင့် ခရိုင်စစ် Grade- 5 (သင်ရိုးသစ်) စာမေးပွဲကို စာစစ်ဌာန (၉၅)ခု ဖွင့်လှစ်၍ ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၈ ရက်နေ့အထိ နံနက် ၉ နာရီမှ စတင်ကာ ကျင်းပပြုလုပ်လျက်ရှိပြီး ပထမနေ့ မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ ၄၁၃၅ ဦးတို့မှလည်းကောင်း၊ အခြေခံပညာ အလယ်တန်းအဆင့် ပြည်နယ်စစ် Grade- 9 (သင်ရိုးဟောင်း) စာမေးပွဲကို  စာစစ်ဌာန(၉၃)ခု ဖွင့်လှစ်၍ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ မတ်လ ၁ ရက်နေ့ထိ နံနက် ၉ နာရီမှစတင်ကာ ကျင်းပပြုလုပ်လျက်ရှိပြီး ပထမနေ့ မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ ၂၂၃၂ ဦးတို့မှလည်းကောင်း အေးချမ်းစွာဖြင့်ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ စာမေးပွဲကို ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရန် မြို့နယ်ပညာရေးမှူး၏ ကြီးကြပ်မှုဖြင့် စာစစ်ဌာနကြီးကြပ်ရေးမှူးများနှင့် သက်ဆိုင်ရာ ကျောင်းများမှ တာဝန်ကျ ဆရာဆရာမများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တင်ထွန်းဦး (ပြန်/ဆက်)