ရသေ့တောင်မြို့၌ လူငယ်နှင့်မျိုးချစ်စိတ်ခေါင်းစဥ်နှင့် လူငယ်စကားဝိုင်း ကျင်းပ

ရသေ့တောင်  ဖေဖော်ဝါရီ  ၂၂

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကိုယနေ့‌ နေ့လယ်(၁၂)နာရီအချိန်က မြို့နယ်ရုံး Community Centre ခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်တင်ဇာဦးက ကျောင်းသား၊ကျောင်းသူလူငယ်များအား နိုင်ငံနဲ့လူမျိုးကိုချစ်တတ်အောင် တန်ဖိုးထားတတ်အောင် အသိပညာဗဟုသုတ တိုးပွားစေရန်၊ရည်ရွယ်ပြီး လူငယ်စကားဝိုင်းကျင်းပရခြင်း ဖြစ် ကြောင်း ပြောကြားပြီး ဦးဆောင်ဆွေးနွေးသူအဖြစ်ပါဝင်ဆောင်ရွက်ကာ အထက-၂မြို့မမှ G.11 မှ ကျောင်းသူမဆောင်းနှင်းဝေ၊G.10 မှ ကျောင်းသူ မပြည့်ဖြိုးခိုင်နှင့်G.11 မှကျောင်းသူ မသူသူခင်တို့က မျိုးဆက်သစ်လူငယ်များ မျိုးချစ်စိတ်ရှင်သန်ထက်မြတ်ရေးခေါင်းစဥ်နှင့် အပြန်အလှန် စကားဝိုင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်တင်ဇာဦးက ဖြည့်စွက်ဆွေးနွေးပြီး၊ စိတ်ပါဝင်စားသည့် ကျောင်းသား၊ကျောင်းသူများလည်းတတ်ရောက်ခဲ့ကြသည်။

ထွန်းလင်းကျော်(ပြန်/ဆက်)