မိုင်းရှူး မတ် ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ခရိုင်အဆင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ (၃၂) နှစ်မြောက် နှစ်ပတ်လည်နေ့အစည်းအဝေးထပ်ဆင့် ရှင်းလင်းပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နန်းလီက အဖွင့် အမှာစကားပြောကြားပြီး မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအသင်း (ဗဟို)၏ ၂၀၂၃ခုနှစ်၊ (၃၂)နှစ်မြောက် နှစ်ပတ်လည်နေ့အစည်းအဝေးမှ ချမှတ်သည့် ဆုံးဖြတ်ချက်(၆)ရပ်နှင့် ရှေ့လုပ်ငန်းစဉ်(၁၆)ရပ်အား အဖွဲ့ဝင် ဒေါ်မြတ်သန္တာဝေက ဖတ်ကြားဆွေးနွေးခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသည့်အဖွဲ့ဝင်များက ဆွေးနွေးလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ပြီးနောက် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သော အဖွဲ့များအား ခရိုင်မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းလီက လက်ဆောင်ပစ္စည်းများ ပေးအပ် ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်နှင့်မြို့နယ်အဆင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီး ကြပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ(၅၀)ဦး တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)