ပျဉ်းမနားမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများ ပြင်ဆင်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

ပျဉ်းမနား မတ် ၃

၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနများ ပြင်ဆင်ထားရှိမှုအခြေအနေများအား ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက ပျဉ်းမနားမြို့နယ်အတွင်းရှိ စာစစ်ဌာနများသို့ သွားရောက်၍ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ 

ထိုသို့ဆောင်ရွက်ရာတွင်  ပျဉ်းမနားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးဝေဖြိုးနိုင်၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးသက်ထွန်းကျော်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးသိန်းလွင်၊ လက်ထောက်မီးသတ်ဦးစီးမှူး ဦးဝင်းညွှန့်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများဖြစ်သည့် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း (ညောင်ပင်သာ)၊ အခြေခံပညာအထက်တန်းကျောင်း (သစ်လေးလုံး)နှင့် ပျဉ်းမနားခုတင်(၂၀၀)ဆေးရုံ စသည့်စာစစ်ဌာနများတွင် စာမေးပွဲခန်းများပြင်ဆင်ထားရှိမှု၊ လုံခြုံရေးဆောင်ရွက်ထားရှိမှု၊ မီးသတ်ဆေးဗူးများစီစဉ်ထားရှိမှု၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ စီစဉ်ဆောင်ရွက်ထားမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)