ဒေးဒရဲ မတ် ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ တော်ကမယ်ကျေးရွာအုပ်စုအတွင်းရှိ နွေစပါးစိုက်ပျိုးလျက်ရှိသည့် တောင်သူများ စိုက်ပျိုးရေ လုံလောက်စွာရရှိရေးအတွက် တော်ကမယ်ကျေးရွာ၊ နတ်စင်ချောင်းတွင် ရေငန်ထိန်းတံခါး တည်ဆောက်လျက်ရှိသည့် လုပ်ငန်းများ ဆောင်ရွက်နေမှုများကို ယမန်နေ့ မွန်းလွဲ(၂)နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမွန်မြတ်သူစိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါရေငန်ထိန်းတံခါးကို ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ် ဧရာဝတီတိုင်းဒေသကြီး ရန်ပုံငွေ ကျပ် (၁၀၄.၉၈၅)သန်းဖြင့် ရေတံခါးနှစ်ပေါက်ပါ သံကူကွန်ကရစ် ရေငန်ထိန်းတံခါးကို မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချစီမံခန့်ခွဲရေးဦးစီးဌာနက တာဝန်ယူတည်ဆောက်လျက်ရှိရာ မြို့နယ် စီမံအုပ်ချုပ်ရေးစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က သတ်မှတ်ကာလအတွင်း လုပ်ငန်းများ ပြီးစီးရေး၊ သတ်မှတ်အရည်အသွေးများ ပြည့်မီရေး ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။ ၎င်းရေငန်ထိန်းတံခါး ပြီးစီးပါက တော်ကမယ် ကျေးရွာအုပ်စုအတွင်းရှိ နွေစပါးစိုက်ပျိုးဧက (၈၂၇)ဧကနှင့် အခြားသီးနှံများအတွက် စိုက်ပျိုးရေ ရရှိပြီး ဒေသခံတောင်သူများ၏ မိသားစုဝင်ငွေများ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
အေဇာလင်း