မြစ်သားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင် ရေဆင်း(၁) စပ်မျိုးနေကြာမျိုးစေ့နှင့်ပံ့ပိုးပစ္စည်းပေးအပ်ပွဲ ကျင်းပ

မြစ်သား မတ် ၂

မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင် ၊ မြစ်သားမြိုနယ် စိုက်ပျိုးရေးဦးစီးဌာနမှ ရေဆင်း (၁)စပ်မျိုးနေကြာမျိုးစေ့နှင့်ပံ့ပိုးပစ္စည်းပေးအပ်ပွဲကို  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအစည်းအဝေးခန်းမ၌  ယမန်နေ့မွန်းလွဲပိုင်းကကျင်းပခဲ့သည်။            

အဆိုပါမျိုးစေ့နှင့်ပံ့ပိုးပစ္စည်းပေးအပ်ပွဲတွင်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  မြို့နယ်အုပ်ချုပ်ရေးမှူးဦးအေးခိုင်မှ ရေဆင်း(၁)စပ်မျိုးနေကြာမျိုးစေ့ထုတ် စိုက်ပျိုးထုတ်လုပ်မည့် တောင်သူများသည် စိုက်ပျိုးရေးဦးစီးဌာန ပညာပေးဝန်ထမ်းများနှင့်ပူပေါင်းကာ စနစ်တကျမျိုးကောင်း ၊ မျိုးသန့်ရရှိရန် စိုက်ပျိုးထုတ်လုပ်ကြစေလို‌ကြောင်း၊ အောင်မြင်ဖြစ်ထွန်းလာမည်အသီးအပွင့်များကို တောင်သူများခံစားရမည့်ဖြစ်ကြောင်းဆွေးနွေးခဲ့ရာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန မျိုးစေ့တာဝန်ခံ ဦးကနေဒီထွန်းမှမျိုးစေ့ထုတ်နည်းပညာများကိုဆွေးနွေးပြောကြားခဲ့သည်။ထို့နောက်  တောင်သူလယ်သမားများကို  လူမှုစီးပွားဘဝတိုးတက်စေရန်အတွက်  မျိုးစေ့နှင့်   ဓာတ်မြေသြဇာ များကို (အခမဲ့)ဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အခမ်းအနားသို့မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ ၊ သက်ဆိုင်ရာဌာနများ၊မြို့နယ်အတွင်းရှိကျေးရွာအုပ်စု(၁၅)ရွာမှ တောင်သူလယ်သမားများတက်ရောက်ခဲ့ကြောင်း သိရသည်။

ဝင်းမင်းထွန်း(မြစ်သား)