ကြံခင်းမြို့နယ် ပက်မခမ်းကျေးရွာတောင်ကုန်းကြီးကျောင်း သဲပုံစေတီတော်တွင် ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင်ပူဇော်ပွဲကျင်းပ

ကြံခင်း မတ် ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပက်မခမ်းကျေးရွာအုပ်စု ပက်မခမ်းကျေးရွာ တောင်ကုန်းကြီးကျောင်းတွင် တပေါင်းလပြည့် မြတ်ဗုဒ္ဓ ပြည်တော်ဝင်အခါတော်နေ့ ယမန်နေ့ညပိုင်းက သဲပုံစေတီတော်တွင် ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင်ပူဇော်ပွဲကျင်းပကြောင်း သိရသည်။

အဆိုပါ သဲပုံစေတီတော်ကို တတိယအကြိမ်မြောက် တည်ထားခြင်းဖြစ်ရာ ၁၃၄၈ ခုနှစ်၊ တပေါင်းလဆန်း (၁၂) ရက်နေ့မှ တောင်ကုန်းကြီးကျောင်းဆရာတော် ဦးဇောတိပါလ ဦးဆောင်ပဓာနပြုပြီး ကျေးရွာနေလူငယ်များစုပေါင်းကာ တောင်ကျချောင်းများ ရေစစ်ချိန် သဲများစုဆောင်းသယ်ဆောင် သန့်စင်ပြီး၊ အကျယ် (၁၁) ပေ၊ ဉာဏ်တော်အမြင့်(၁၀)ပေ၊ အဆင့်(၇)ဆင့်တည်ကာ တံခွန်၊ ကုက္ကား၊ ထီး၊ ဆီမီး စတဲ့လှူဖွယ်များဖြင့် တည်ထားကိုးကွယ်ပူဇော်ကြကြောင်း၊ (တပေါင်းလပြည့်နေ့) ညတွင် ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင် ဆက်ကပ်ပူဇော်ခြင်း၊ ပဌာန်းဒေသနာများ ရွတ်ဖတ်ပူဇော် ကုသိုလ်တော် ယူကြကြောင်းနှင့် အနီးဝန်းကျင်ကျေးရွာများမှ ဘုရားဖူးလာ ပြည်သူများအားမုန့်များဖြင့် ဧည့်ခံကျွေးမွေးလှူဒါန်းကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)