ညောင်တုန်းမြို့နယ်တွင် မီးဘေးလုံခြုံရေးအသိပညာပေး မြေစိုက်ပိုစတာစိုက်ထူ

ညောင်တုန်း မတ် ၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မီးဘေးလုံခြုံရေး အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယမန်နေ့ နံနက်ပိုင်းကအမှတ်(၃)ရပ်ကွက်၊ လမ်းမတော်လမ်းနှင့် လမ်း၂၀ လမ်း ထောင့်၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများတက်ရောက်ခဲ့ပြီး မီးဘေးလုံခြုံရေး အသိပညာပေးဆောင်ပုဒ်နှင့် မီးလန့်မှု/မီးလောင်မှုဖြစ်ပွားပါက နီးစပ်ရာ မြို့နယ်မီးသတ်စခန်းများသို့ ဆက်သွယ်ရမည့်ဖုန်းနံပါတ်များပါဝင်သော မြေစိုက်ပိုစတာကို အမွှေးနံသာများ ပတ်ဖျန်းစိုက်ထူခဲ့ကြောင်းသိရသည်။

ထက်ဝေဖြိုး (ပြန်ဆက်)