ချောင်းဦး မတ် ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ ဆောင်ရွက်ထားသည့် ဥကပ်ပါးနကျယ် မွေးမြူရေးဓာတ်ခွဲခန်းသို့ ကျေးရွာ ၃ ရွာမှ တောင်သူ၂၅ဦး လာရောက်လေ့လာခဲ့ကြောင်း သိရသည်။
သီးနှံပင်များ စိုက်ပျိုးရာတွင် ပိုးမွှားရောဂါများကို ဇီဝနည်းဖြင့် ကာကွယ်နှိမ်နင်းနိုင်ရန်အတွက် ဓာတ်ခွဲခန်းကို ပြုလုပ်ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း၊ ဥကပ်ပါးနကျယ်များကို ယခုနှစ်နွေစပါးနှင့် မိုးကြိုသီးနှံများ စိုက်ပျိုးချိန်တွင်လွှတ်ပေးရန် မွေးမြူလျက်ရှိကြောင်း၊ ဥကပ်ပါးနကျယ်များ လွှတ်ပေးခြင်းဖြင့် ဓာတုပိုးသတ်ဆေးများ လျော့ချသုံးစွဲနိုင်ခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိခြင်း၊ ကုန်ကျစရိတ် သက်သာခြင်း၊ သီးနှံများ၏ အထွက်နှုန်းနှင့်အရည်အသွေးပါ ကောင်းမွန်စေခြင်းစသည့် အကျိုးကျေးဇူးများ ရရှိကြောင်း၊ စိုက်ခင်းတဧကလျင် ဥကပ်ပါးနကျယ်ကတ် ၄၀ ကတ်ကို ၃ကြိမ် လွှတ်ပေးရကြောင်း ချောင်းဦးမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရှိရပါသည်။
ဝင်းမြင့်အောင် (ပြန်/ဆက်)