ကွတ်ခိုင်မြို့နယ်တွင်၂၀၂၃ ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းများကို မတ်လအတွင်း ဖွင့်လှစ်သွားမည်ဖြစ်

ကွတ်ခိုင် မတ် ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနက ကြီးမှူး၍ ကွတ်ခိုင်မြို့နယ်အတွင်း အားကစားဝါသနာရှင် ကျောင်းသား၊ ကျောင်းသူလူငယ်၊ လူရွယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ နွေရာသီအားကစားသင်တန်းကို မြို့နယ်အားကစားကွင်းတွင် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နွေရာသီတွင် ဖွင့်လှစ်သင်ကြား‌ပေးမည့် အားကစားနည်းများဖြစ်သော ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ဘော်လီဘော၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်အခြေခံ အားကစားနည်းသင်တန်း(၅)မျိုးကို အခမဲ့ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး အသက်(၇)နှစ်မှ(၁၅)နှစ်ထိ ကျောင်းသား၊ ကျောင်းသူလူငယ်၊ လူရွယ်မည်သူမဆို တက်ရောက်နိုင်မှာဖြစ်‌‌ကြောင်း မြို့နယ်အားကစားမှူးထံမှ သိရသည်။

ဌေးဌေး(ကွတ်ခိုင်)