မိုင်းငေါ့မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မိုင်းငေါ့ မတ်လ ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီ အချိန်ခန့်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမတွင် ပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေးတွင် မိုင်းငေါ့မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးမင်းသိုက်ထွန်းက လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်း‌ပြောကြားခဲ့သည်။

ထို့နောက်အစည်းအဝေးသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာများနှင့် ရပ်ကွက်မှူးများမှ မိမိတို့၏ လုပ်ငန်းဆောင်ရွက်နေမှုများကို တစ်ဦးချင်း တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

မြင့်သွယ်(မိုင်းငေါ့၊ ပြန်/ဆက်)