အိမ်မဲ မတ် ၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို စာစစ်ဌာန (၈) ခုဖြစ်သော အ.ထ.က-၁ တွင် ၁၆၅ ဦး ၊ အ.ထ.က-၂ တွင် ၁၀၅ ဦး ၊ အ.ထ.က ရွာသစ်တွင် ၁၅၃ ဦး၊ အ.ထ.က ကြို့ကုန်းတွင် ၉၁ ဦး၊ အ.ထ.က-တကူဆိပ်တွင် ၆၉ ဦး၊ အ.ထ.က-ဝါးတလုတ်ကမ်းနီတွင် ၃၆ ဦး၊ အ.ထ.က- လူကောင်းကျွန်းတွင် ၃၇ ဦး၊ အ.ထ.က ဘုရားကြီးကုန်းတွင် ၃၃ ဦး စသည့် စာစစ်ဌာန ၈ ခုတို့တွင် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၆၈၉ ဦးတို့သည် ယနေ့ နံနက် (၉) နာရီတွင် မြန်မာစာဘာသာရပ်ကို အေးချမ်းစွာ ဖြေဆိုလျက်ရှိသည်။
အိမ်မဲမြို့နယ်တွင် ၂၀၂၃ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမှုအတွက် စာစစ်ဌာန အလိုက် အတွဲ-၁၊ အတွဲ-၂၊ အတွဲ- ၇ ဘာသာရပ်အလိုက် ဖြေဆိုမှုစာရင်းရှိ (၇၃၀) ဦး ရှိသော်လည်း (၄၁) ဦး ဖြေဆိုမှု ပျက်ကွက်ခဲ့ပြီး(၆၈၉)ဦးသာ ဖြေဆိုသည့်အတွက် ဖြေဆိုမှု ၉၄ ရာခိုင်နှုန်းရှိကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများအေး ချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာ ပညာရေးကြီးကြပ်မှုကော်မတီဝင်များ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ် စောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။
ချစ်သက်လယ် (အိမ်မဲ)