သံတောင်ကြီးမြို့နယ်   Community   Centre ခန်းမတွင် တိုင်းရင်းဆေးပညာသိကောင်းစရာအသိပညာပေး Talk  Show   ဆောင်ရွက်

သံတောင်ကြီး မတ် ၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနတို့ ပူးပေါင်း၍ တိုင်းရင်းဆေးပညာသိကောင်းစရာ အသိပညာပေး Talk   Show ကို ယနေ့နံနက် () နာရီက သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ နော်လော်မူက တိုင်ရင်းဆေး ဆိုင်ရာအသိပညာပေး Talk  Show  ပြုလုပ်ရခြင်း ရည်ရွယ်ချက်များ ပြောကြားပြီး မြို့နယ် တိုင်းရင်းဆေး ပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မာချိုက တိုင်းရင်းဆေးပညာသမိုင်း၊ ဓါတ်ကြီးငါးပါး၊ ရာသီဉတု အလိုက် ယေဘုယျဖြစ်တတ်သော ရောဂါငယ်များ၊ နွေရာသီတွင် ဖြစ်တတ်သော ရောဂါငယ်များနှင့် ကုထုံးများ မိမိပတ်ဝန်းကျင်ရှိ ဆေးဘက်ဝင်အပင်များ အသုံးပြုပုံ၊ မီးဖိုးချောင်သုံး ဆေးဘက်ဝင် ပစ္စည်းများ အသုံးပြုပုံ  စသည်တို့ကို  အကျယ်တစ်ဝင့်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

နော်နော်မူ