ဝမ်းတွင်း မတ်လ ၈
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ဝမ်းတွင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ် ငန်းစီမံကိန်း (VDP) ဖြင့် ကျေးရွာတစ်ရွာလျှင် စီမံကိန်းထောက်ပံ့ရန်ပုံငွေကျပ် သိန်း (၁၀၀) နှင့် ကျေးရွာလူထု ထည့်ဝင်ရန်ပုံငွေတို့ဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တွင် မြို့နယ်အတွင်းရှိ ရွှေတောင်ကျေးရွာအုပ်စု ရွှေတောင်ကျေးရွာနှင့် ညောင်ပင်သာအုပ်စု ဆည်ကျေးရွာများတွင် ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေ ငွေကျပ်သိန်း (၁၀၀)နှင့် ကျေးရွာလူထု ထည့်ဝင်ငွေ ၃ သန်းတို့ဖြင့် အရှည်ပေ ၆၅၀၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မရှိ ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ပြီး ကျေးရွာသူ၊ ကျေးရွာသားများက ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှစတင်၍ ဆောင်ရွက်လျက်ရှိရာ ၎င်းကွန်ကရစ်ခင်းခြင်း လုပ်ငန်းများမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ ကျေးရွာနှစ်ရွာရှိ အိမ်ခြေ ၃၃၆ လူဦးရေ ၁၅၇၈ ဦးတို့မှာ ရာသီမရွေး သွားလာရ အဆင်ပြေတော့မည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)