မြင်းခြံ မတ် ၈
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် ၂၀၂၂-၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့နံနက် (၉) နာရီမှ စတင်ကာ ကျောင်းသား/သူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
မြင်းခြံမြို့နယ်တွင် အထက-၁(မြင်းခြံ)နှင့် အထက (ဆီမီးခုံ) စာစစ်ဌာန (၂) ခုတွင် ၂၀၂၂-၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် စာရင်းရှိ ကျောင်းသား (၁၅၆) ဦးနှင့် ကျောင်းသူ (၂၃၂) ဦး စုစုပေါင်း (၃၈၈) ဦး၊ ဖြေဆိုသူ ကျောင်းသား (၁၂၅) ဦးနှင့် ကျောင်းသူ (၁၉၉)ဦး စုစုပေါင်း (၃၂၄) ဦး ဖြေဆိုကာ ဖြေဆိုရန်ပျက်ကွက်သည့် ကျောင်းသား (၃၁) ဦးနှင့် ကျောင်းသူ (၃၃) ဦး စုစုပေါင်း (၆၄) ဦးရှိကြောင်း မြို့နယ်ပညာရေးမှူး ဦးခင်မောင်သန်းထံက သိရသည်။
ကျော်စွာ(မြင်းခြံ)