တံတားဦး မတ် ၈
တံတားဦးခရိုင် တံတားဦးမြို့နယ်၌ ၂၀၂၂-၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို နိုင်ငံနှင့်တစ်ဝန်းရှိ အခြေခံပညာ အထက်တန်းကျောင်းများအားလုံးတွင် တစ်ပြိုင်တည်း ဖြေဆိုလျက်ရှိရာ တံတားဦးမြို့နယ်ရှိ အခြေခံပညာထက်တန်းကျောင်းတွင်လည်း ယနေ့နံနက်(၉)နာရီက မြန်မာဘာသာ စတင်ဖြေဆိုနေပြီဖြစ်သည်။
အဆိုပါစာမေးပွဲသို့ တံတားဦးမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းနှင့် အထက်တန်းကျောင်း(ခွဲ)တို့မှ မြန်မာစာကို ဖြေဆိုရန်ကျောင်းသား(၂၂၇)ဦး၊ ကျောင်းသူ(၃၄၆)ဦး စုစုပေါင်း (၅၇၃)ဦး စာရင်းပေးထားသော်လည်း အထက-တံတားဦး စာစစ်ဌာနတွင် ကျောင်းသား(၁၄၈) ဦး ၊ ကျောင်းသူ (၂၃၉)ဦး စုစုပေါင်း(၃၈၇)ဦး ဖြေဆိုသူအားဖြင့်(၉၁.၂)ရာခိုင်နှုန်းရှိပြီး ချောင်းခွစာစစ်ဌာနအနေဖြင့် ကျောင်းသား(၅၈)ဦး ၊ ကျောင်းသူ(၈၆)ဦး၊ စုစုပေါင်း(၁၄၄)ဦး ဖြေဆိုသူအားဖြင့်(၉၆.၆၄)ရာခိုင်နှုန်းရှိကြောင်း စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများကို ခရိုင်စီမံအုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပြီး စာမေးပွဲဖြေဆိုမည့် ကတ်ပြားများ ပါ၊ မပါ စစ်ဆေးခြင်း၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ကျောင်းဝင်းအပြင် လုံခြုံရေးတို့ကို ပူးပေါင်း ဆောင်ရွက်ပေးကြသည်။
တံတားဦးမြို့နယ်၌ စာစစ်ဌာန(၂)ခုတွင် ဖြေဆိုရန် ပျက်ကွက်သူ ကျောင်းသား(၂၁)ဦး ၊ ကျောင်းသူ(၂၁)ဦး စုစုပေါင်း(၄၂)ဦး ဖြစ်၍(၇.၃၃)ရာခိုင်နှုန်းရှိကြောင်းသိရသည် ။
ရဲတင့်( ပြန်/ဆက်)