အမရပူရမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာစတင်ဖြေဆို

အမရပူရ မတ် ၈

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင် စနစ်ဟောင်းတက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာနလေးခုခွဲတွင် ယနေ့နံနက်ပိုင်းက မြန်မာဘာသာ စတင်ဖြေဆိုလျက်ရှိသည်။

မြို့နယ်တွင်းစာစစ်ဌာနများဖြစ်သည့် အ..က-၁၊ အ..က-မြစ်ငယ်၊ အ..က-ပလစ()နှင့် အ..က-ယန္တယားတို့တွင် စာရင်းရှိကျောင်းသား ၂၇၃ ဦး၊ ကျောင်းသူ ၄၄၁ ဦးစုစုပေါင်း ၇၁၄ ရှိသည့်အနက် မြန်မာဘာသာကို လာရောက်ဖြေဆိုသူ ကျောင်းသား ၂၄၆ ဦး၊ ကျောင်းသူ ၄၁၆ဦး စုစုပေါင်း ၆၆၂ ဦးရှိပြီး ၅၂ ဦးပျက်ကွက်ခဲ့ သိရသည်။

စာစစ်ဌာနများသို့ အမရပူရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးအောင်ထွန်းနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုစစ်ဆေး အားပေးခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)