ကယားပြည်နယ်အစိုးရအဖွဲ့မှ ဖား​ဆောင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအား ဆန်၊ ဆီဝယ်ယူရန်အတွက်​ ထောက်ပံ့​ငွေ​ပေးအပ်

ဖား​ဆောင်း မတ် ၈

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် ကယားပြည်နယ်အစိုးရအဖွဲ့မှ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအား ဆန်၊ ဆီဝယ်ယူရန်အတွက် ​ထောက်ပံ့​ငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်​နေ့ည​နေပိုင်းက မြို့နယ်အ​​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ အစည်းအ​ဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသက်မြင့်ဦးက အဖွင့်အမှာစကား​ပြောကြားရာ၌ မိမိတို့မြို့နယ်သည် လမ်းပန်းဆက်သွယ်​ရေးအ​ခြေအ​နေအရအခြေခံစား​သောက်ကုန်များဖြစ်သည့် ဆန်၊ ဆီများသည် ကုန်​စျေးနှုန်းမြင့်တက်​နေ​သောကြောင့် ဝန်ထမ်းများစားဝတ်​နေ​ရေးသက်သာ​စေလို​သောရည်ရွယ်ချက်ဖြင့်​မြို့နယ်အတွင်းရှိဌာနဆိုင်ရာများအား ကယားပြည်နယ်အစိုးရအဖွဲ့မှ ဆန်နှင့်ဆီဝယ်ယူရန်အတွက် ဝန်ထမ်းတစ်ဦးလျှင် ​ဒေသ​ပေါက်​စျေးဖြစ်သည့် ဆန်(၁)ပြည် ၅၅၀၀/-နှုန်းဖြင့် ဆန်(၁၂)ပြည်အတွက် ၆၆၀၀၀/-ကျပ်၊ ဆီ(၅၀)သား ၅၅၀၀/-ကျပ် စုစုပေါင်း(၇၁၅၀၀)ကျပ်ကို​ ထောက်ပံ့​ပေးအပ်ခြင်းဖြစ်​ကြောင်း​နှင့် ဝန်ထမ်းစုစုပေါင်း(၃၃၆)ဦးအတွက်​ ထောက်ပံ့​ငွေကျပ်(၂၄,၀၂၄,၀၀၀/-)၊ (နှစ်ရာ့လေးဆယ်သိန်းနှစ်​သောင်း​လေး​ထောင်)ကျပ်ဖြစ်​ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသက်မြင့်ဦးက ဌာနဆိုင်ရာများအား ဌာနအလိုက်​ထောက်ပံ့​ငွေကို လက်ဝယ်အ​ရောက်​ပေးအပ်ခဲ့ပြီး မြို့နယ်မွေးမြူ​ရေးနှင့်ကုသ​ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး​ဒေါက်တာ​ဇော်မြင့်​အောင်က​​ကယားပြည်နယ်အစိုးရအဖွဲ့၏​ထောက်ပံ့​ပေးမှုအား ကျေးဇူးတင်ရှိပါ​ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)