ဝါးခယ်မ မတ် ၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျံမငေးမြို့၊ သီရိဟေမာရပ်ကွက် မြတ်စွယ်တော် ကျောင်းတိုက်တွင် (၉၄)ကြိမ်မြောက် အတုလဗုဒ္ဓ မဟာစွယ်တော်မြတ် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကို မတ်လ ၂ ရက်နေ့မှ စတင်ကျင်းပခဲ့ရာ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း၊ ပွဲတော်အား မတ်လ ၉ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး လာရောက်ဖူးမြှော် ကြည်ညိုကြမည့် ရဟန်း/ရှင်/ပြည်သူများမှ မြတ်စွယ်တော်အား ရည်စူး၍ ဝတ္ထုငွေများ ဆပ်ကပ်လှူဒါန်းခြင်း၊ ငါးပါးသီလခံယူစောင့်တည်ခြင်း၊ ရဟန်းသံဃာတော်များအား ဆွမ်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆပ်ကပ်လှူဒါန်းခြင်း မြတ်စွယ်တော် ကျောင်းတိုက်တွင် နေ့ရောညပါ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
သာသနာတော်နှစ် -၂၅၆၆ ခုနှစ်၊ ကောဇာသက္ကရာဇ် - ၁၃၈၄ ခုနှစ်၊ တပေါင်းလဆန်း(၇)ရက်၊ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၅)ရက်၊ စနေနေ့ နံနက် ၉ နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့ မြို့နယ်ကျက်သရေဆောင် သကျမဟာသီရိဘုရားကြီး အာရုဏ်တော်ခံဝတ်အသင်းတန်ဆောင်း၌ အကြိမ် (၄၀)မြောက် ဗုဒ္ဓစွယ်တော်မြတ်နှင့် ဓာတ်တော်မြတ်များပူဇော်ပွဲဖွင့်ပွဲကို စတင်ကျင်းပခဲ့ရာ ဘုရားဖူးလာ ပြည်သူများဖြင့် ယနေ့ထိတိုင် စည်ကားလျက်ရှိကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)