လဲချား မတ် ၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ် စတင်ဖြေဆိုခြင်းကို ယနေ့နံနက် (၉)နာရီအချိန်မှ စတင်ကာ အေးချမ်းစွာ ဖြေဆိုလျက်ရှိသည်။
လဲချားမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အ-ထ-က(လဲချား) စာစစ်ဌာနတွင် ဖြေဆိုရန်စာရင်းပေးသွင်းထားသူ (၅၈)ဦးအနက် ဖြေဆိုသူ (၅၂)ဦးရှိပြီး ရာခိုင်နှုန်းအားဖြင့် (၈၉.၆၆)ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
လဲချား (မြို့နယ်၊ ပြန်/ဆက်)