ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

ဆိပ်ဖြူ   မတ်  ၈

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၃ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာ ဘာသာရပ်ကို ယမန်နေ့နံနက်က စာဖြေဌာန (၂) ခုဖြင့် ကျင်းပသည်။

ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာဖြေဌာန(၂)ခုဖြင့် ကျင်းပဆောင်ရွက်ခဲ့ရာ တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုရန် စာရင်းရှိ ကျောင်းသား (၁၉၀) ဦး ၊ ကျောင်းသူ (၂၁၈) ဦး စုစုပေါင်း (၄၀၈) ဦး ရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲ လာရောက်ဖြေဆိုသူ ကျောင်းသား (၁၆၀) ဦး ၊ကျောင်းသူ (၂၀၃) ဦး စုစုပေါင်း (၃၆၃)ဦးလာရောက်ဖြေဆိုကြသည်။ တက္ကသိုလ်ဝင် စာမေးပွဲကို လာရောက်ဖြေဆိုရန် ပျက်ကွက်ခဲ့သူ ကျောင်းသား/ကျောင်းသူ  (၄၅)ဦးရှိပြီး ဖြေဆိုမှု ရာခိုင်နှုန်း ၈၉ ရာခိုင်နှုန်း လာရောက်ဖြေဆိုခဲ့ကြောင်း တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများက မြို့နယ်ပညာရေးမှူးနှင့် ပညာရေးဝန်ထမ်းများအား ပေါင်းစပ်ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကိုဇွဲ(အညာမြေ)