သနပ်ပင်မြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်အား ကျောင်းသား/ ကျောင်းသူများ စတင်ဖြေဆို

သနပ်ပင် မတ် ၈

မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စတင်ဖြေဆိုရာ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်အတွင်းရှိ အ-ထ-က(သနပ်ပင်)စာစစ်ဌာန၌ မြန်မာစာဘာသာရပ်ကို ယနေ့နံနက်ပိုင်းက အေးချမ်းစွာ လာရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါစာမေးပွဲဖြေဆိုခြင်းကို သနပ်ပင်စာစစ်ဌာန(၁)ခုတွင် ဝင်ရောက်ဖြေဆိုရာ ကျောင်းတွင်း ဖြေဆိုသူ(၉၃)ဦး၊ ပြင်ပဖြေဆိုသူ(၇၉)ဦး စုစုပေါင်း (၁၇၂)ဦး အေးချမ်းစွာ ဖြေဆိုခဲ့ကြောင်း သိရသည်။

လှမိုး(ပြန်/ဆက်)