ထန်းတပင်(ပဲခူး) မတ် ၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေသော ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက် ၉ နာရီ အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးလှမြင့်က စာစစ်ဌာန၌ စာမေးပွဲဖြေဆိုနေစဉ် ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေး၊ လုံခြုံရေး၊ မီးဘေးအန္တရာယ်ကင်းဝေးစေရေး ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် အေးချမ်းပျော်ရွှင်စွာ ဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနတာဝန်ရှိသူများနှင့်အတူလိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထန်းတပင်မြို့နယ်အတွင်း ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာန၌ ပထမနေ့မြန်မာစာဘာသာရပ်ကို အ-ထ-က ထန်းတပင်စာစစ်ဌာနတွင် စာရင်းရှိကျောင်းသား၊ ကျောင်းသူ(၁၆၇)ဦးရှိပြီး ဝင်ရောက်ဖြေဆိုသူ(၁၅၁)ဦး၊ ပျက်ကွက်ကျောင်းသား၊ ကျောင်းသူ(၁၆)ဦး၊ ဖြေဆိုသူ( ၉၀)ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)