၂၀၂၂-၂၀၂၃ တက္ကသိုလ်ဝင်စာမေးပွဲများ စတင်ဖြေဆိုရာ မြို့သစ်မြို့နယ်မှ ဖြေဆိုသူ(၈၀၃)ဦးရှိ

မြို့သစ် မတ် ၈

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့တွင် ၂၀၂၂-၂၀၂၃ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမနေ့ မြန်မာစာဖြေဆိုခြင်းကို မြို့သစ်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်း၊ အ.ထ.က ဝါးကြီးအိုင်တို့၌ ကျင်းပသည်။ 

အဆိုပါစာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၈ဝ၃)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရန် မြို့သစ်မြို့ နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိပြီး တာဝန်ရှိသူများမှ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိသည်။

မြို့သစ်မြို့တွင် စာစစ်ဌာန(၂)နေရာတွင် ဖြေဆိုသည့် ကျောင်းသား(၃၂၆)ဦး၊ ကျောင်းသူ(၄၇၇) ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၈၀၃)ဦး ဖြေဆိုခဲ့ပြီး ဖြေဆိုရာခိုင်နှုန်းမှာ (၉၃ဒသမ ၇၀)ရာခိုင်နှုန်းဖြေဆိုလျှက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သန်းဝင်းထွန်း(IPRD)