ကျောက်ဆည်မြို့နယ်တွင် တက္ကသိုလ်တန်းဝင်စာမေးပွဲဖြေဆိုသည့် စာစစ်ဌာနများသို့ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေး

ကျောက်ဆည် မတ် ၉

မန္တလေးဒေသကြီး၊ ကျောက်ဆည်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဧရာဝတီစာစစ်ဌာနှင့် သုံးထပ်ဆောင်စာစစ်ဌာနများတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုလျက်ရှိသော ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေး ယနေ့နံနက်(၉)နာရီ (၄၅)မိနစ်က ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကြည်ရှုအားပေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မျိုးနှင့်အဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးနှင့် အဖွဲ့ဝင်များ၊ ကျောက်ဆည်တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါတ်တာ ရီရီဦး၊ အဆင့်မြင့်ပညာဦးစီးဌာန၊နေပြည်တော်မှ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းဝင်း၊ ခရိုင်ပညာရေးမှူး ဒေါက်တာဥမ္မကြည်၊ မြို့နယ်ပညာရေးမှူး ဦးအေးလင်းနှင့်တာဝန်ရှိသူများသည် အေးချမ်းစွာ တက္ကသိုလ်တန်းဝင် စာမေးပွဲဖြေဆိုနေကြသည့် စာဖြေခန်းများသို့ သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး သက်ဆိုင်ရာ စာစစ်ဌာနများတွင် တာဝန်ထမ်းဆောင်သည့် ကြီးကြပ်ရေးမှူးများ တာဝန်ရှိသူများအား တွေ့ဆုံကာ မေးခွန်းနှင့် အဖြေလွှာများ လုံခြံရေး ဆောင်ရွက်ထားမှုများနှင့် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်၏ထားရှိမှုများ ကြည့်ရှုခဲ့ပြီး လိုအပ်ချက်များမရှိစေရေးနှင့် ထူးခြားမှုများရှိပါက အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေး  ရှင်းလင်းပြောကြား ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲများ ဖြေဆိုရာတွင် ကျောင်းသား/ကျောင်းသူများ စည်းကမ်းတကျ  အေးချမ်းစွာ ဖြေဆိုနိုင်ရေး  အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ဧရာဝတီ အဆောင်နှင့် သုံးထပ်အဆောင်များတွင် စာဖြေဌာန(၂)ခု ဆောင်ရွက်ထားပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ကျောင်းဝင်းအပြင်နှင့် အတွင်းတွင် လုံခြုံမှုရှိရေး စောင့်ကြည့်ပေးခြင်း၊ စာဖြေခန်းများတွင် အသုံးပြုမည့် စာရေးခုံများ၊ ထိုင်ခုံများ၊ စာမေးပွဲခန်းသုံးနာရီများ၊ လျှပ်စစ်မီးများ၊ လုံလောက်သော အလင်းရောင်ရရှိရေးနှင့် သောက်သုံးရေဖူလုံရေးနှင့် မီးဘေးလုံခြုံရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ထားကြောင်း သိရသည်။

သက်မောင်(ခရိုင်၊ ပြန်/ဆက်)