ခရမ်း မတ် ၉
ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန (ရန်ကုန်တိုင်းဒေသကြီးကွင်းဆင်းကုသရေးအဖွဲ့)က တိုင်းဦးစီးဌာနမှူး ဆရာကြီး ဦးတင့်လွင်၊ရန်ကုန်မြို့ခုတင် (၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ ဆေးရုံအုပ်ကြီးဆရာမကြီး ဒေါ်မူမူချို၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း၊ မြန်မာနိုင်ငံဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်းဝင်များက ပူးပေါင်းပြီး တိုင်းရင်းဆေးပညာဖြင့် အခမဲ့ကွင်းဆင်းဆေးကုသပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီ ညနေ ၃ နာရီအထိက ခရမ်းမြို့နယ် အထက်ခမတ် စံပြကျေးရွာတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းဆင်းဆေးကုသမှုကို တောင်ပိုင်းခရိုင် တိုင်းရင်းဆေးမှူးဒေါ်သန်းသန်းဆွေနှင့် အတူ ခရမ်းမြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်လှမြတ်ထက် သန်လျင်မြို့နယ်တိုင်းရင်းဆေးမှုး ဒေါ်ဝါဝါလင်း တောင်ပိုင်းခရိုင် ဒုတိုင်းရင်းဆေးမှူး ဒေါ်အိအိဖြိုးတို့က ယမန်နေ့က ခရမ်းမြို့နယ် အထက်ခမတ်ကျေးရွာသို့ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေး အသိပညာပေးဟောပြောခြင်းနှင့် အခမဲ့ကွင်းဆင်းဆေးကုသပေးခဲ့သည်။
ဟောပြောပွဲတွင် တိုင်းဦးစီးဌာနမှူးမှ ကျန်းမာရေးနှင့် တိုင်းရင်းဆေးဝါးများအကြောင်းအဖြစ်များသည့် ဒူးနာ၊ ခါးနာနှင့်အရိုးအဆစ်ရောဂါများအကြောင်းနှင့် နေထိုင်နည်းစနစ်များကို ဒေသခံကျေးရွာသူ ကျေးရွာသား (၂၄၂) ဦးတို့အား အသိပညာပေးဟောပြောပို့ချခဲ့ပြီး မေးမြန်းချက်များကို ပြန်လည်ဖြေကြားပြီး လိုအပ်သည့်ကုသမှုနှင့်ဆေးဝါးများကို အခမဲ့ကာသပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆေးကုသမှုကို မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမောင်မောင်ဦး (ဂရိတ်ဝေါ၊ အတွင်းရေးမှူး ဦးဝင်းဇော် (အောင်ထိပ်တန်း) တိုင်းရင်းဆေးဆရာအသင်း အတွင်းရေးမှူး ဦးစိုးတင့် (မြစန္ဒာ)နှင့် တိုင်းရင်းဆေးမိသားစုများ တိုင်းရင်းဆေးဝါးများဖြင့် ပူးပေါင်းလှူဒါန်းခဲ့ကြောင်း သိရသည်။
ကိုမင်း( ပြန်/ ဆက်)