ဓနုဖြူ မတ် ၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမတွင် နွေရာသီအခြေခံသင်တန်း၊ စားပွဲတင်တင်းနစ် သင်တန်းကို ယနေ့ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က စတင်၍ ဖွင့်လှစ်ခဲ့သည်။
အဆိုပါ နွေရာသီအခြေခံသင်တန်းများ ဖွင့်လှစ်ပေးခြင်းအားဖြင့် လူငယ်လူရွယ်နှင့်ကျောင်းသား၊ ကျောင်းသူများ အားကစားအပေါ် စိတ်ပါဝင်စားလာစေရန်၊ စာပွဲတင် တင်းနစ်ကစားနည်းများအား အခြေခံနည်းစနစ်တကျ တတ်မြောက်စေရန် မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ သင်ကြားရ ခြင်းဖြစ်ပြီး သင်တန်းနည်းပြဆရာ ဦးကျော်မင်းထိုက်မှ သင်တန်းပို့ချသွားမည်ဖြစ်သည်။ စာပွဲတင် တင်းနစ် သင်တန်းကို မတ်လ (၈)ရက်နေ့မှ မတ်လ(၁၇)ရက်နေ့အထိ (၁၀)ရက်ကြာ သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း နှင့် အဆိုပါသင်တန်းသို့ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များ စုစုပေါင်း (၂၀)ဦး တက်ရောက် သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)