ရွှေတောင်မြို့နယ် အမှတ် (၁) အထည်စက်ရုံတွင် မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြခြင်းနှင့် လိုက်လံစစ်ဆေး

ရွှေတောင် မတ် ၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အမှတ် (၁) အထည်စက်ရုံတွင် မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြခြင်းနှင့် လိုက်လံစစ်ဆေးခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ရွှေတောင်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ရာတွင် ရွှေတောင်မြို့နယ် မီးသတ်ဦးစီးမှူး ဦးသက်ပိုင်ထွန်း ဦးဆောင်သည့် တပ်ဖွဲ့များမှ ရွှေတောင်မြို့နယ် အမှတ် (၁) အထည်စက်ရုံတွင် မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စက်ရုံဝန်းထမ်းများအား မီးဘေးအန္တရာယ် အသိပညာပေး ဟောပြောခြင်း၊ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက အလျင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ရေး မီးသတ်ဆေးဘူးဖြင့် လက်တွေ့ကိုင်တွယ် မီးငြှိမ်းသတ်ခြင်းများကို သရုပ်ပြသဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

ထို့နောက် မီးတားလမ်းများ ဖောက်လုပ်ထားရှိနိုင်ရေး၊ မီးငြှိမ်းသတ်နိုင်ရေးအတွက် ရေလုံလောက်စွာဖြည့်တင်း ဆောင်ရွက်ထားရှိမှုများကို လိုက်လံစစ်ဆေး ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း ရွှေတောင်မြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။

ကိုကိုမင်း ( ပြန် / ဆက်)