သန်လျင် မတ် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်တောင်ပိုင်းခရိုင်ရုံး(သန်လျင်)မှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေးခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က မြန်မာ့အာမခံလုပ်ငန်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဝန်ထမ်းများက သွားရောက်ငှားရမ်းပေးခဲ့သည်။
ထိုသို့ငှားရမ်းပေးရာတွင် စာအုပ်ငှားရမ်းဖတ်ရှုသူများအဆင်ပြေစေရေးအတွက် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်၌ သုတ/ ရသ စာအုပ်မျိုးစုံ စီစဉ်ထားရှိပြီး စာအုပ်သစ်များကိုလည်း စဉ်ဆက်မပြတ် လဲလှယ်ဖြည့်ဆည်းပေးလျက်ရှိကြောင်းနှင့် စာအုပ်/ စာစောင်များကို ရက်သတ္တပတ်နှစ်ပတ်ပြည့်လျင် (၁)ကြိမ် လဲလှယ်၍ ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်သူများ စာပေအလွယ်တကူ ဖတ်ရှုနိုင်စေရေးအတွက် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် ရပ်ကွက်/ ကျေးရွာများ၊ ဌာနဆိုင်ရာများနှင့် စာသင်ကျောင်းများ အရောက်လိုက်လံငှားရမ်း ပေးလျက်ရှိပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင်လည်း မည်သူမဆို အခမဲ့လာရောက်ငှားရမ်း ဖတ်ရှုနိုင်ကြောင်း သိရသည်။
ခရိုင်(ပြန်/ ဆက်)