လယ်ဝေး မတ် ၁၀
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနCommunity Centre တွင် ယနေ့နံနက်၁၁နာရီက လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့် Talk Show ကျင်းပခဲ့သည်။
အဆိုပါ Talk Show တွင် မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်နှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးပြည့်ဖြိုးအောင်တို့က အားကစားနှင့် ကာယ ပညာသိပ္ပံအကြောင်း သိကောင်းစရာများ၊ အားကာသိပ္ပံတက်ရောက်လိုသည့် ကျောင်းသား၊ ကျောင်းသူများအား လေ့ကျင့်ပေးနေမှုများ၊ နွေရာသီအားကစားသင်တန်းဖွင့်လှစ်ပေးနေမှုအခြေအနေများနှင့် လူငယ်များအနေဖြင့် အားကစားလိုက်စားခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများအကြောင်းကို မေးမြန်းဆွေးနွေးခဲ့သည်။
လယ်ဝေးမြို့နယ်ရုံးအနေဖြင့် အသိပညာပေးအစီအစဉ်များအား Online မှတစ်ဆင့် ထုတ်လွှင့်ပေးလျက်ရှိရာ ယနေ့ကျင်းပသည့် Talk Show အစီအစဉ်ကိုလည်း We Love Leiway Page တွင် ထုတ်လွှင့် တင်ဆက်မည်ဖြစ်ကြောင်း သိရသည်။
ထိုက်ထိုက်(ပြန်/ဆက်)