နမ့်စန်(တ) မတ် ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် Basic English Grammar and Speaking နွေရာသီသင်တန်း (၁/၂၀၂၃)ကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ Community Centre တွင် ယနေ့နံနက် ၁၀ နာရီခွဲက စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင် က သင်တန်းဖွင့်အမှာစကားနှင့် သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် သင်တန်းနည်းပြ ဆရာမ ဒေါ်သက်ထားဦး က သင်တန်းစည်းကမ်းများနှင့် သင်ကြားမည့်ဘာသာရပ်ဆိုင်ရာများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး သင်တန်းကိုစတင် သင်ကြားပို့ချခဲ့သည်။
ကျောင်းသား/ကျောင်းသူလူငယ်များ နွေရာသီအားလပ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် Basic English Grammar and Speaking နွေရာသီသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပြီး နေ့စဉ်နံနက် ၁၀ နာရီခွဲမှ နေ့လည် ၁၂ နာရီအချိန်အထိ ဖွင့်လှစ်၍ မတ်လကုန်အထိ သင်ကြားပို့ချသွားမည်ဖြစ်ကာ ရပ်ကွက်နှင့်ကျေးရွာများမှ ကျောင်းသား လူငယ်သင်တန်းသား သင်တန်းသူ စုစုပေါင်း (၃၆)ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်)