ဆိပ်ဖြူမြို့နယ်၌ အစားအစာများဘေးကင်းလုံခြုံရေးစစ်ဆေး

ဆိပ်ဖြူ မတ် ၁၀

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ဒေသခံပြည်သူများ အစားအစာများ ဘေးကင်းလုံခြုံမှုရှိစေရန် ဖြန့်ဖြူးရောင်းချသည့် ဈေးဆိုင်များကို မတ် ၁၀ ရက် နံနက် ၉ နာရီက ရှောင်တခင် ကွင်းဆင်းစစ်ဆေးသည်။

ဆိပ်ဖြူမြို့နယ်ရှိ ဒေသခံပြည်သူများ နေ့စဉ်စားသောက်လျက်ရှိသော အစားအစာများ ဓာတုဆေးဝါး များထည့်သွင်း အသုံးပြုမှုကင်းဝေးစေရန်၊ သက်တမ်းလွန်စားသောက်ကုန်များ၊ ထုတ်ကုန်ပစ္စည်းများ သတ်မှတ်ချက် ကုန်ညွှန်းအမှတ်အသား များပါဝင်မှုရှိ/မရှိနှင့် စားသုံးရန်မသင့်သည့် အစားအစာများ၊ မှတ်ပုံတင်ထားရှိ/မရှိသည့် စားသောက်ကုန်များ ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချခြင်းမရှိစေရန် ရည်ရွယ်၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်သည်။ 

အဆိုပါကွင်းဆင်းစစ်ဆေးခြင်းကို မကွေးတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA)မှ လက်ထောက်ညွှန်ကြားရေးမှူး နှင့်ဝန်ထမ်းများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူးနှင့်ဝန်ထမ်းများက ဒေသခံပြည်သူများအား အစားအစာများဘေးကင်းလုံခြုံမှုရှိစေရန်အတွက် ဈေးဆိုင်များတွင် ရောင်းချလျက်ရှိသော အစားအစာများ၌ မှတ်ပုံတင်ထားရှိ/မရှိသည့် စားသောက်ကုန်များ၊ သက်တမ်းလွန် စားသောက်ကုန်များ၊ ထုတ်ကုန်ပစ္စည်းများ သတ်မှတ်ချက် ကုန်ညွှန်းအမှတ်အသားများအပါအဝင်၊ ဓာတုဆေးဝါးများထည့်သွင်း အသုံးပြုထားသည့် အစားအစာများဖြန့်ဖြူရောင်းချခြင်းရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လူသုံးကုန်နှင့် စားသောက်ကုန်များကို ဖြန့်ဖြူးရောင်းချရာ၌ ဒေသခံပြည်သူများ ဘေးကင်းလုံခြုံမှုရှိစေရန် လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် စားသုံးရန်မသင့်သည့် အစားအစာများ ဖြန့်ဖြူးရောင်းချမှု မပြုလုပ်ရေးတို့ကို ရှင်းလင်းပြောကြားပေးခဲ့ကြောင်း သိရသည်။ကိုဇွဲ(အညာမြေ)