ခန္တီး မတ် ၁၃
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများအနေဖြင့် လူငယ်များ အသိပညာဖွံ့ဖြိုး တိုးတက်ရေး၊ ညဏ်ရည်ညဏ်သွေး မြင့်မားရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုတက်ရေးတို့ အတွက် သင်တန်းများ၊ လူငယ်စကားဝိုင်းများ၊ ဟောပြောပွဲများကို ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲ (၁)နာရီက ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် အခြေခံအင်္ဂလိပ်စာ Grammar သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပြန်/ဆက်ဦးစီးမှူး ဒေါ်စိမ်းလဲ့လဲ့က နွေရာသီကျောင်းပိတ်ရက်အတွင်း ကလေးငယ်များ စာနှင့်ဝေးကွာမှု မရှိစေဘဲ အင်္ဂလိပ်စာဘာသာရပ်တွင် အခြေခံကျသည့် Grammar အသုံးအနှုန်း မှန်ကန်မှုရှိစေရေးအတွက် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ သင်တန်းကို အ.ထ.က(ခွဲ)မြို့မ ကျောင်းမှ အင်္ဂလိပ်စာဘာသာရပ်သင်ကြားသူ ဆရာမ ဒေါ်မို့မို့စံက သင်ကြားပို့ချကာ ကျောင်းသား/သူ (၃၈)ဦးတက်ရောက်ကာ မတ်လ(၁၃)ရက်နေ့မှ ဧပြီလ (၆)ရက်နေ့အထိ နေ့စဉ်မွန်းလွဲ(၁)နာရီမှ (၂)နာရီခွဲအတွင်း သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)