မိတ္ထီလာ မတ် ၁၃
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ သီရိမင်္ဂလာရပ်ကွက်၌ နရပတိစည်သူမင်းတည်ထား ကိုးကွယ်ခဲ့သော ရှေးဟောင်းသမိုင်းဝင် မဟာသကျမုနိရွှေမြင်မိစေတီတော် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူ ပူဇော်ပွဲနှင့် စိန်ဖူးတော်၊ ရွှေထီးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈နာရီ ၄၅ မိနစ်အချိန်ကကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ အဆိုပါ ရွှေမြင်မိစေတီတော်တွင် ကပ်လှူပူဇော်မည့် ရွှေစင်ရွှေပြားများ၊စိန်ဖူးတော်နှင့် အရံစိန်ဖူးတော်များ၊ ရွှေထီးတော်နှင့် ငှက်မြတ် နားတော်တို့ကို စေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အလှူရှင်မိသားစုများက ပင့်ဆောင်၍ စေတီတော်အား လကျာ်ရစ်သုံးပတ်လှည့်လည် ပူဇော်သည်။ ဆက်လက်၍ စိန်ဖူးတော်၊ ရွှေထီးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲ အခမ်းအနားကို ကျင်းပရာ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့်အဖွဲ့ဝင်များ၊ အလှူရှင်မိသားစုများနှင့် ဒေသခံပြည်သူများက စိန်ဖူးတော်၊ ရွှေထီးတော်၊ ငှက်မြတ်နားတော်များကို အဆင့်ဆင့်တင်လှူပူဇော်ခဲ့ကြောင်းသိရသည်။
ချမ်းသာ