ဇေယျာသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် လူငယ်ဆိုင်ရာစွမ်းရည်မြင့်မားရေး ပြိုင်ပွဲများ ကျင်းပ

ဇေယျာသီရိ မတ်လ ၁၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သာစည်ကျေးရွာအတွင်းရှိ ကလေးငယ်များဖိတ်ခေါ်၍ လူငယ်ဆိုင်ရာစွမ်းရည်မြင့်မားရေး ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့သည်။

ပြိုင်ပွဲတွင် ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး  ဒေါ်သန္တာမြင့်မြင့်ကျော်က ကလေးငယ်များ ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနီးကျွမ်းဝင်မှုရှိပြီး ကျောင်းစာ အပြင် ပြင်ပအသိပညာဗဟုသုတများ ကြွယ်ဝစေရန် ရည်ရွယ်၍ ယခုလိုပြည်သူ့ စာကြည့်တိုက်သို့ ဖိတ်ခေါ်ပြီး ပြပွဲများ၊ ပြိုင်ပွဲများ၊ ဟောပြောပွဲများ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဦးဆောင်၍ ကလေးငယ်များအား ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် အင်္ဂလိပ်စာစွမ်း ရည်ပြိုင်ပွဲများပြုလုပ်ပေးခဲ့ပြီး ပြိုင်ပွဲတွင်ဆုရရှိသည့် ကလေးငယ်များအား ဒုတိယဦးစီးမှူးနှင့် တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။

အဆိုပါပြိုင်ပွဲသို့ ဇေယျာသီရိမြို့နယ်၊ သာစည်ကျေးရွာအတွင်းရှိ ကလေးငယ်များ (၃၀) ဦး တက်ရောက် ခဲ့ပြီး ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် လူငယ်နှင့်မူးယစ်ဆေးဝါး၊ လူငယ်နှင့်လူကုန်ကူးမှု၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များအား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)