စမ်းချောင်း မတ် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်း မြို့နယ်မုန့်လုပ်ဆောင်းကုန်း (တောင်) ရပ်ကွက်၊ သမိဒ္ဓေါဒယ သုခိတာရာမ ဒေါ်ဉာဏစာရီ မြန်အောင်သီလရှင် စာသင်တိုက်တွင် ယမန်နေ့ ညနေ(၄)နာရီအချိန်က သီလရှင်ဆရာလေးများကို သာသနာ့နွယ်ဝင်စိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စမ်းချောင်းမြို့နယ် မုန့်လုပ်ဆောင်းကုန်း(တောင်) ရပ်ကွက်၊ သမိဒ္ဓေါဒယ သုခိတာရာမ ဒေါ်ဉာဏစာရီ မြန်အောင်သီလရှင်စာသင်တိုက်မှ သီလရှင် ဆရာလေး (၂၇)ပါးကို မြို့နယ်သာသနာရေးမှူး ဦးဇော်မင်းသိန်းက သာသနာ့နွယ်ဝင်စိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သီလရှင်ဆရာလေးများအား သာသနာ့နွယ်ဝင် စိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားသို့ စမ်းချောင်းမြို့နယ် သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော် အရှင်စရိယ ကြွရောက်ချီးမြှင့်၍ မြို့နယ်သာသနာရေးမှူးနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နီလာစိုး (ပြန်/ ဆက်)