ကြည့်မြင်တိုင်မြို့နယ်၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်လှစ်

ကြည့်မြင်တိုင် မတ် ၁၄

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန Community Centre ခန်းမ၌ ယ​နေ့​မွန်းလွဲ ၁ နာရီအချိန်က အ​ခြေခံပန်းချီ​ရေးဆွဲနည်း သင်တန်းဖွင့်လှစ်ခဲ့​ကြောင်း သိရသည်။

သင်တန်းတွင် မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ဇာလင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း​ပြောကြားရာတွင်  ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်နှင့် ပန်းချီရေးဆွဲနည်း အတတ်ပညာများကို အခြေခံမှစပြီးသိရှိကာ စနစ်တကျရေးဆွဲတတ်စေရန် ရည်ရွယ်ပြီး ဖွင့်လှစ်ရခြင်းဖြစ်​ကြောင်းကို ရှင်းလင်း​ပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို ပန်းချီဆရာမ လမင်းအိမ်က သင်ကြား​ပေးသွားမှာဖြစ်ပြီး သင်တန်းသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ  မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၂၀) ဦးအား မတ်လ ၁၃ ရက်နေ့မှ စတင်ကာ အပတ်စဥ် တနင်္လာနေ့မှ​သောကြာ​နေ့ထိ နေ့လယ် ၁း၀၀ နာရီမှ ၃း၀၀ နာရီအထိ (၁၀)ရက်ကြာ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခိုင်ဇာလင်း(ပြန်/ဆက်)