ပုဇွန်တောင်မြို့နယ်၌ မော်တော်ယာဉ်များအား ဖောင်းကြွနံပါတ်ပြား အသစ်ပြောင်းလဲတပ်ဆင်ရန် အသိပညာပေးခြင်းဆောင်ရွက်

ပုဇွန်တောင် မတ် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ မော်တော်ယာဉ်များအား ဖောင်းကြွနံပါတ်ပြား အသစ်ပြောင်းလဲတပ်ဆင်ရန်နှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိညာပေးခြင်းကို ယနေ့နံနက် ၁၁ နာရီ၌ ပုဇွန်တောင်မြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အမှတ်(၃၂)ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ တပ်ဖွဲ့စုမှူး ဒုရဲမှူးကိုကိုဝင်း ဦးဆောင် သည့်အဖွဲ့သည် မော်တော်ယာဉ်များအား ဖောင်းကြွနံပါတ်ပြားအသစ် တပ်ဆင်ထားခြင်း ရှိ/မရှိစစ်ဆေးပြီး တပ်ဆင်ခြင်းမရှိသေးပါက မတ်လ(၃၁)ရက်နေ့အပြီး ဖောင်းကြွနံပါတ်ပြားအသစ်လဲလှယ်တပ်ဆင်သွားရန်နှင့် အသက်ကယ် ထိုင်ခုံခါးပတ် တပ်ဆင်အသုံးပြုရန် အသိပညာပေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း  သတင်းရရှိသည်။

ဟန်စုယဉ်